×
Go
All News Breaking News Local News International News
  • image
    International News

    PSY ရဲ့ တေးဂီတ ဗီဒီယိုမှာ ပေါ်ထွက်လာမယ့် Snoop Dogg

    အမေရိကန် ဟစ်ပ်ဟော့ တေးဂီတပညာရှင် Snoop Dogg ဟာ ကိုရီးယားအဆိုတော်နဲ့ သီချင်းရေးဆရာဖြစ်သူ PSY ရဲ့ မြူးဇစ်ဗီဒီယိုတစ်ခုမှာ ပါဝင်မယ်လို့ သိရပါတယ်။ ဒီလထဲမှာပဲ သူတို့နှစ်ဦးဟာ ဗီဒီယို စတင်ရိုက်ကူးနေပြီဖြစ်ပြီး တည်နေရာနဲ့ ဗီဒီယိုရဲ့ အကြောင်းရင်းကိုတော့ top secret အဖြစ် ထိန်းသိမ်းထားဆဲပါပဲ။

    Snoop Dogg ဟာ သူ့ရဲ့ ပထမဆုံးအယ်ဘမ်ဖြစ်တဲ့ “Doggystyle” ကို ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၁၀ကြိမ်ထက်မနည်း ဂရမ်ဆုမှာ လျာထားခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်မှာတော့ PSY ကသူ့ရဲ့ တွစ်တာမှာ “Snoop Dogg x PSY . မကြာမီလာမည်” ဆိုပြီး သူုတို့နှစ်ဦးရဲ့ ဓါတ်ပုံနဲ့ tweet လုပ်ထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး PSY ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ မှတ်ချက် တစ်စုံတစ်ရာပေးဖို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။ PSY ဟာ ဒီနှစ်ထဲမှာထွက်မယ့် သူ့ရဲ့ အယ်လ်ဘမ်အသစ်အတွက် ဗီဒီယိုအတော်များများ စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၂ရက်နေ့က ကျင်းပခဲ့တဲ့ PSY နဲ့ သူ့ရဲ့ Fans တွေ တွေ့ဆုံပွဲမှာ သူက “Gentleman ဟာ သူ့ရဲ့စတိုင်နဲ့ ကိုက်ညီတဲ့ သီချင်းတစ်ပုဒ် မဟုတ်ခဲ့ဘူး” လို့ ဆိုပါတယ်။ သူ့ အသက်မွေးဝမ်းကြောင်း ကို စတင်ဖို့ သူ့စတိုင်ဖြစ်တဲ့ သီချင်းတွေ ကို ပြန်လည် ရှာဖွေဖို့ ပြင်ဆင် နေတယ်လို့ ပြောပါတယ်။ “တကယ်လို့များ ကံကောင်းခဲ့ရင် သူ့ရဲ့ hit ဖြစ်ခဲ့တဲ့ “Gangman Style” လို သီချင်းမျိုး ထပ်တွေ့ရဦးမှာပါ” လို့လည်း ပြောသွားပါသေးတယ်။

    user
    by www.trend.com.mm