×
Go
All News Breaking News Local News International News
  • image
    Local News

    Why we use M4A on Myanmar Music Store?

    Legacy Music - Myanmar Music Store ၏ပရိသတ်များအားလုံးမင်္ဂလာပါ။

    ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်ရန်အတွက် Audio (အသံ)ဖိုင် များဖန်တီးရာတွင် မတူညီသည့် နည်းလမ်းပေါင်းများစွာဖြင့်ဖန်တီးနိုင်ပါသည်။  Formated Extentions (အမျိုးအစား) အမြောက်အများသည် မတူညီသည့် Operation System များ  Devices များတွင် လည်ပတ်အသုံးပြုလျှက်ရှိနေပါသည်။ အသုံးများသည့် Audio ဖိုင်အမျိုးအစားများမှ (.aac, .wav, .ogg, .ac3, .mp3, .m4a ) စသည်တို့ဖြစ်ပါသည်။ထို audio formats များတွင် .mp3 နှင့် .m4a များ လူသုံးအများဆုံး audio formats ဖြစ်ပါသည်။

    Myanmar Music Store သည် Online မှတဆင့် သီချင်းများရောင်းချရာတွင် .m4a format ကိုသာအသုံးပြုပါသည်။ .m4a  သည် Apple Inc မှ တီတွင်အသုံးပြုသော audio file format အမျိုးအစားဖြစ်ပြီး .mp3 ဖိုင်များထက် ပိုမိုကျစ်လစ်ကာ ၊ ပိုမို ကျစ်လစ်ကောင်းမွန်သော audio quality ကိုရရှိစေပါသည်။

     (ဥပမာအနေဖြင့် - 4မိနစ်ခန့်ကြာမြင့်သော  3.8MB ပမာဏရှိ အသံကျစ်လစ်မှုပမာဏ (encoding rate) 128 Kbs  ရှိသော အသံဖိုင်တစ်ဖိုင်၏ အသံအရည်အသွေးအတိုင်း MP3 format  ဖြင့်ရယူလိုပါက အသံကျစ်လစ်မှုပမာဏ (encoding rate) 192 Kbs ကို အသုံးပြုရမည်ဖြစ်သဖြင့် 3.8 MB ပမာဏထက်ပိုမိုမည်ဖြစ်ပါသည်)

    .m4a  ဖိုင်များကို iTune, Window Media Palyer, VLC Media Player, Google Play Music Player, KM Player အစရှိသည့် Media Player မျိုးစုံတို့တွင် ကောင်းမွန်စွာ ဖွင့်လှစ်နားဆင်နိုင်ပါသည်။ သို့သော်လည်း အချို့သော OEM Android Version များ( တရုတ်နိုင်ငံထုတ်ဖုန်းအချို့)တွင် Album Artwork  များမပြသနိုင်ခြင်း၊ System Browser သည် တစ်ခါတစ်ရံတွင် .m4a အားဖျက်ပစ်ကာ Unknown File အဖြစ်သို့ ပြောင်းလဲစေခြင်းတို့ကို ကြံတွေ့ရတတ်ပါသည်။

    ထို့ကြောင့် အဆိုပါဖုန်းအမျိုးအစားများကိုင်ဆောင်သူများအနေဖြင့် Myanmar Music Store တွင် SMS ဖြင့် သီချင်းဝယ်ယူပြီးနောက် ပြန်လည်ရရှိသော Download Link အား System Browser မှ ဖွင့်လှစ်ရယူ အသုံးပြုမည့်အစား Major Browsers ဖြစ်ကြပြီး Web Standard ကို ပြည့်ဝစွာလိုက်နာထားသော Google Chrome, Mozilla Firefox, Opera စသည့် Browser များဖြင့် ဖွင့်လှစ်ရယူသင့်ပါသည်။

    ယခုရက်သတ္တပတ်အတွင်း အသစ်ထွက်ရှိမည့် Myanmar Music Store App တွင် SMS မှ ၀ယ်ယူသူများအဆင်ပြေလွယ်ကူစေရန်အတွက် SMS မှရရှိသော Link ကို Download ပြုလုပ်နိုင်မည့် Feature ကိုထည့်သွင်းပေးသွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။
    (ရွှင်လန်းချမ်းမြေ့ကြပါစေ)

    user
    by -