×
Go
All News Breaking News Local News International News
  • image
    Breaking News

    Justin Bieber နဲ့ Selena Gomez တို့ ပြန်တွဲနေကြသလား

    ကျွန်ုပ်တို့မှတ်မိသလောက်တော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပြတ်လိုက် ၊ ဆက်လိုက် ပါပဲ။ ပြီးခဲ့တဲ့ နယူးရီးယားကစလို့ သူတို့နှစ်ယောက်ဟာ ပြန်တွဲနေကြပုံပါပဲ။


    အသက်(၁၉)နှစ်ရှိပြီဖြစ်တဲ့ကနေဒီယံသားလေးရဲ့Instagramကနေပြီးဒီပုံကို ပြန်တွေ့လိုက်ရချိန်မှာတော့ဒီစုံတွဲဟာသူတို့ရဲ့အချစ်မီးတောက်လေးကို နောက်တစ်ကြိမ် ပြန်လည် ထွန်းညှိချင်နေပုံပါပဲ။


    ဆယ်ကျော်သက် အဆိုကျော်လေးဟာ အသက် (၂၁)နှစ်ရှိပြီဖြစ်တဲ့ Gomez နဲ့ပုံတွေကို ပြီးခဲ့တဲ့ စနေနေ့ကတင်ခဲ့ပါတယ်။ သူမဟာ ကောင်လေးရဲ့ပုခုံးပေါ်မှာမှီထားပြီး သူမရဲ့ လက်တွေကတော့ သူ့လည်ပင်းနားတ၀ိုက်မှာရှိနေပြီး သူ့ကိုစိုက်ကြည့်နေပါတယ်။


    ဒါကို Bieber က “Love the way you look at me” ဆိုပြီး ဓါတ်ပုံမှာ ရေးတင်ခဲ့ပါတယ်။ ဓါတ်ပုံနဲ့လိုက်ဖက်တဲ့ အရေးသားတစ်ခုပါပဲ။


    သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလကတည်းက ကွဲသွားခဲ့ကြတာပါ။ သူတို့နှစ်ဦး ကတော့ သူတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ရှိုးတိုးရှုန့်တန့် ဖြစ်နေကြပေမယ့် ပရိသတ်တွေကတော့ ဒီပုံကိုကြည့်ပြီး အခြေခံအားဖြင့်တော့ ပြန်လည် OK နေကြပြီလို့ ယူဆနေကြပါတယ်။

    user
    by www.trend.com.mm